Tuesday, April 23, 2013

မြစ်ကြီးနားတက္ကသိုလ် အာစရိယပူဇော်ပွဲတွင် KIO ထိပ်တန်း ခေါင်းဆောင် တဦး နှုတ်ဆက်စကား ပါး

မြစ်ကြီးနားတက္ကသိုလ်တွင် ပထမအကြိမ် ပြုလုပ်သည့် ၁၉၇၆-၁၉၈၂ ပညာသင်နှစ် ကချင်ပြည်နယ် ဒေသကောလိပ် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ အာစရိယပူဇော်ပွဲသို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိပ်တန်းခေါင်းဆောင်တဦး နှုတ်ဆက်စကားပါးခဲ့သည်။

Friday, April 19, 2013

ရှမ်းမြောက်ပိုင်း KIA နှင့် အစိုးရ ၃ နာရီကြာတိုက်ပွဲဖြစ်

ရှမ်းပြည်မြောက်ပိုင်း လွယ်ကန် KIA တပ်မဟာ ၄ ဌာနချုပ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၁၇ နယ်မြေတွင် အစိုးရနှင့် KIA တပ်ဖွဲ့ကြား ယမန်နေ့ ၃ နာရီခွဲကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

Kachin IDP pastors receive legal training

The three-day legal workshop for Kachin Christian postors in refugee camps in KIO de facto capital Laiza was concluded on April 17.
Christian pastors living in refugee camps located in territory controlled by the Kachin Independence Organization (KIO), took part in a three-day legal training workshop this week, according to conference organizers.

Thursday, April 18, 2013

လိုင်ဇာ-မြစ်ကြီးနားလမ်း ဆိုင်ကယ်သမား အချို့ ပြန်လည်ပြေးဆွဲ


မြစ်ကြီးနား-လိုင်ဇာလမ်း
တိုက်ပွဲကြောင့် တစ်နှစ်ကျော်ကြာပိတ်ထားခဲ့ရသောကချင်ပြည်နယ် လိုင်ဇာ-မြစ်ကြီးနားကားလမ်းကို ယခုအခါ တချို့ ပြည်သူများသည် ဆိုင်ကယ်ဖြင့် ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

2013 April 2nd WEEK RFA-KACHIN TV

Wednesday, April 17, 2013

ဇိုင်းအောင် ဒုက္ခသည်စခန်းတွင် အိမ်သာ ခက်ခဲနေဆဲ

အိမ်သာ မလုံလောက်မှု ပြဿနာဆင်ဆိုင်နေတဲ့ ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ဇိုင်းအောင် ဒုက္ခသည်စခန်း

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းတွင် အိမ်သာများမလုံလောက်မှုကြောင့် အခက်ခဲရင်ဆိုင်နေရကြောင်း ဒုက္ခသည်စခန်းမှ သိရသည်။

ဧရာဝတီ မြစ်ကမ်းတစ်လျှောက် သဲကျောက်များ တူးဖော်ရောင်းချမှု ဒေသခံများ အိမ်ခြံထိ ရောက်လာ

မြစ်ကြီးနားအထက် ၁၀ မိုင်အကွာ လမြန်ကျေးရွာ မလိခ (ဧရာဝတီ) မြစ်ကမ်း။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အထက် ၁၀ မိုင်အကွာရှိ ဧရာဝတီမြစ်ကမ်းစပ်တလျှောက်မှ သဲကျောက်များကို ရွာလူကြီး၏ခွင့်ပြုချက်ဖြင့် လေလံဆွဲ တူးဖော် ရောင်းချနေရာ ဒေသခံများ၏ ခြံအနီးသို့ရောက်လာသောကြောင့် ဒေသခံများက မကျေမနပ်ဖြစ်နေကြသည်။

G8 Ministers express concern about Kachin conflict

G8 Foreign Ministers met in London on 10-11 April.
Following an annual meeting in London last Thursday Foreign Ministers from the Group of Eight (G8) noted their concerns about the ongoing conflict in Kachin state and recent violence in Arakan state.

Tuesday, April 16, 2013

စစ်ရှောင်စခန်းမှ ခရစ်ယာန် အမှုတော်ဆောင်များအား ဥပဒေရေးရာ သင်တန်းပို့ချ

လိုင်ဇာမြို့ NAWNG E HKU ရပ်ကွက်တွင် ပြုလုပ်နေတဲ့ ဥပဒေရေးရာ သင်တန်း။
ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ နောင်အေခူး (Nawng E Hku) ကျေးရွာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေရေးရာ သင်တန်းကို စစ်ရှောင်စခန်းရှိ ခရစ်ယာန်ဆရာ/မ များအား ဥပဒေအရာရှိများက ပို့ချပေးနေသည်။

Friday, April 12, 2013

မွေးကင်းစလေး၏ မွေးရာပါ ရန်သူ

ဆေးဝါးကုသခွင့် မျှော်လင့်နေတဲ့ TB ဝေဒနာရှင် အသက် ၈ နှစ်ကလေး SUT RING AWNG TU၊ ဇိုင်းအောင်ဒုက္ခသည်စခန်း။
 ဆောင်းလေညင်း တစ်ချက်တိုက်တိုင်း အသက် (၃၁) နှစ်ရှိ အမျိုးသမီးတစ်ယောက် မွေးကင်းစကလေးငယ်အား တင်းတင်းဖက်တွယ်ထားသည်။

Thursday, April 11, 2013

ဖားကန့် ကျောက်စိမ်းမှော်တွင် သာမန်ပြည်သူများ ၀မ်းစာရှာရန် ခက်ခဲလာ


ယခုနှစ် ဇန်န၀ါရီလ မတိုင်မီ KIA ရဲ့ ခွင့်ပြုမှုအရ ကုမ္ပဏီပိုင်နေရာမှာ ကျောက်တူးနေတဲ့ သာမန်ပြည်သူများ။
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများတွင် အစိုးရစစ်တပ်များသာ နေရာယူ အခြေချ ထားလိုက်ခြင်းကြောင့် ဖားကန့်ပြည်သူများအတွက် တနိုင်တပိုင်ဝမ်းရေး ရှာဖွေစားသောက်ရန် အခက်အခဲဖြစ်လာကြောင်း ဖားကန့်ဒေသခံများကပြောသည်။

ကချင်ဒုက္ခသည်များကို ကူညီရန်လာသော ကုလသမဂ္ဂ ယာဉ်တန်းကို အစိုးရ တားမြစ်

KIO ပါကထောင် (Pa Kahtawng) ဒုက္ခသည် စခန်း၊ မိုင်ဂျာယန် (Mai Ja Yang)
တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် မိုင်ဂျာယန် (Mai Ja Yang) ရှိ ပါကထောင် (Pa Kahtawng) ဒုက္ခသည်စခန်းသို့ ကူညီထောက်ပံ့ပေးရန် ကုလသမဂ္ဂအဖွဲ့များ၏ ပစ္စည်းများသယ်ဆောင်လာသော ယာဉ်တန်းများအား ဗန်းမော်အစိုးရမှ ဆိုင်းငံ့ထားကြောင်းသိရသည်။

Wednesday, April 10, 2013

ယခုနှစ်သင်္ကြန် လိုင်ဇာမြို့တွင်လည်း KIO မှ ကျင်းပမည်

KIO ဗဟို ဌာနချုပ် လိုင်ဇာတွင် မြင်ရတဲ့ ၂၀၁၃ သင်္ကြန်ပွဲတော် ပိုစတာ။
ကချင်ပြည်နယ် တရုတ်နယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် ပထမဆုံးအကြိမ်အဖြစ် သင်္ကြန်နှစ်သစ်ကူးပွဲတော်ကို လာမည့် ဧပြီလ (၁၄) ရက်နေ့မှ (၁၆) ရက်နေ့ထိ ကျင်းပပြုလုပ်ရန်စီစဉ်ထားကြောင်း လိုင်ဇာအုပ်ချုပ်းရေးမှူး ထံမှသိရသည်။

အစိုးရနှင့် KIO မြစ်ကြီးနားဆွေးနွေးပွဲ တရုတ်ကြောင့် ရွှေ့ဆိုင်းထားရ ဟု ကချင်အဖွဲ့များ ဆို

ယခုလ ဧပြီ လဆန်းပိုင်းက မြင်ရတဲ့ KIO မြစ်ကြီးနားမြို့ ဆက်ဆံရေးရုံး။
မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား ဧပြီလ (၆) ရက်နေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် တရုတ်အစိုးရကန့်ကွက် ခြင်းကြောင့် ရက်ရွှေ့ဆိုင်းလိုက်ရကြောင်း ကချင်အဖွဲ့အစည်းများပြောသည်။

Tuesday, April 9, 2013

သောက်သုံးရေ ခက်ခဲနေသော ၀ိုင်းမော်ဒုက္ခသည်စခန်းသို့ ကြက်ခြေနီအသင်းမှ ရေသန့်များကူညီပေး

မြစ်ကြီးနားခရိုင် ၀ိုင်းမော်ဒုက္ခသည်စခန်း တခု။
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ဒုက္ခသည်စခန်းမှ သောက်သုံးရေမလုံလောက်မှု အခက်ခဲဆုံးရင်ဆိုင်နေရသော မိုင်းနား (Mung Na) ကချင်နှစ်ခြင်းခရစ်ယာန် ဖွံ့ဖြိုးရေးခြံရှိ ဒုက္ခသည်များကို ယနေ့တွင် မြစ်ကြီးနားမြို့ ကြက်ခြေနီအသင်းမှ သောက်ရေသန့်များ လာရောက်အကူအညီပေးခဲ့သောကြောင့် ၀မ်းသာအားရဖြစ်နေကြသည်။