မြစ်ကြီးနားတက္ကသိုလ်တွင် ပထမအကြိမ် ပြုလုပ်သည့် ၁၉၇၆-၁၉၈၂ ပညာသင်နှစ် ကချင်ပြည်နယ် ဒေသကောလိပ် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ အာစရိယပူဇော်ပွဲသို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိပ်တန်းခေါင်းဆောင်တဦး နှုတ်ဆက်စကားပါးခဲ့သည်။
ဆရာကြီး၊ ဆရာမကြီးများ (၁၉၇၆-၁၉၈၂) နှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများ အမှတ်တရလက်မှတ် ရေးထိုးရန် ထားရှိသည့် Whiteboard တွင် ကျောင်းသားဟောင်း ယခု KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဆွမ်လွတ် ဂွမ်မော် (Sumlut Gun Maw) ၏ နှုတ်ဆက်စကား ရေးထိုးခဲ့ခြင်းဖြစ်သည်။
အမှတ်တရ Whiteboard တွင် "တစ်နေ့ပြန်ဆုံဘို့ ကိုယ်စားနှုတ်ဆက်ပါတယ်။ Gen. ဆွမ်လွတ်ဂွမ်မော်၊ KIO/KIA၊ လိုင်ဇာ” ဆိုပြီး မှင်အပြာဖြင့် ရေးထိုးထားသည်။
နောက်ပြီး ထိုစာနှင့်ကပ်ပြီး အခြား KIO ထိပ်ပိုင်း စစ်ဗိုလ်တစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ် လွမ်းခေါင် ကိုလည်း "Maj.Gen ဂွတို (လွမ်းခေါင်) ကိုလဲ တွေ့ချင်သေးတယ်” ဟု မှင်အနက်ရောင်ဖြင့် လက်မှတ် ရေးထိုးထားသည် ကို မြင်ရသည်။
အခမ်းအနားသို့ မြစ်ကြီးနား တက္ကသိုလ်ကျောင်းဆရာ၊ ဆရာမများ ၂၀ ကျော်နှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများ ၃၀၀ ကျော်တက်ရောက်ခဲ့သည် ဟု ကျောင်းသားဟောင်းများ ဆိုပါသည်။ ၎င်းတွင် ကချင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ် Lajawn Ngan Seng (ကျောင်းသားဟောင်း)နှင့် လူမှုရေးရာဝန်ကြီး ဒေါ်ဘောက်ဂျာ (ဒေသကောလိပ် ဆရာမ) တို့လည်း တက်ရောက်ခဲ့ကြသည်။
ယခုချိန် မြန်မာအစိုးရနှင့် KIO ကြား စစ်ပြေငြိမ်းခြင်းမရှိဘဲ စစ်ဖြစ်နေဆဲ အခြေအနေမှာ KIO ထိပ်တန်း စစ်ဗိုလ်နှစ်ဦး၏ အမှတ်တရလက်မှတ်များ မြင်တွေ့ရသဖြင့် အခမ်းအနားတက်ရောက် သည့် ကျောင်းသား၊ ကျောင်းသူဟောင်းများနှင့် လုံခြုံရေး ရဲများ အံ့သြသွားခဲ့ကြောင်း သိရသည်။
www.kachinnews.com
www.burmese.kachinnews.com
www.kahcin.kachinnews.com
www.kachin-news.blogspot.com
http://www.facebook.com/Kachin-News-Group




No comments:
Post a Comment
Note: Only a member of this blog may post a comment.