Pages

Top Menu

Thursday, January 24, 2013

KIA ဌာနချုပ်နှင့် အနီးဆုံးစခန်းတွင် အစိုးရတပ်မှ လက်နက်ကြီးများဖြင့်ပြင်းထန်စွာပစ်ခတ်တိုက်ခိုက်




လဂျားယန်အနီး လေယာဉ်ပစ် စစ်သေနတ်နဲ့ KIA စစ်သားများ။ ပုံ - KNG ကချင်သတင်းဌာန

အစိုးရတပ်ထိုးစစ်ဆင်နေသော ကချင်လွတ်လပ်ရေးတပ်မတော် KIA ဗဟိုဌာချုပ်၏ အနီးဆုံးရှိ ခယာဘွမ် (HKa Ya Bum) တွင် ယမန်နေ့ ၁ နာရီခွဲချိန်မှယနေ့ထိ ပြင်းပြင်းထန်ထန် လက်နက်ကြီးများဖြင့်  အဆက်မပျက်ပစ်ခတ်တိုက်ခိုက်နေကြောင်း တပ်မဟာ(၅) KIA အရာရှိပြောသည်။

မြန်မာအစိုးရတပ်များသည် ခြေလျင်ဖြင့် ထိုးစစ်ဆင်နေပြီး လက်နက်ကြီးများဖြင့်ပြန်လည်ပြန် ပစ်ကူနေကြောင်းသိရသည်။

အစိုးရတပ်ဖက်မှ ဇန်န၀ါရီ ၂၃ ရက်နေ့မှ ယနေ့ ညနေအချိန်ထိ ထိုးစစ်ဆင်နေသောတိုက်ပွဲတွင် လက်နက်ကြီး ၆၀ မမ၊ ၁၀၅ မမ၊ ၈၁ မမ များဖြင့်သာ ၁ မိနစ်လျင် ၃၊ ၄ လုံးနှုန်း ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်နက်ကြီးများ အလုံး ၈၀၀ နီးပါးဖြစ်နိုင်သည်ဟု KIA ဖက်မှခန်းမှန်းပြောဆိုသည်။

“ဒီနေ့ကနေ နည်းတစ်မျိုးပြောင်းပြီး ပြန်ပစ်နေကြတယ်။ လက်နက်ကြီးတွေပဲ ပစ်နေတာ။ ဘယ်လောက်မြန်တယ်ဆိုတာ အဆက်မပြတ် ကြိတ်ဆုံလည်တာ တောင်နောက်ကျဦးမယ်။” ရှေ့တန်းမှ အရာရှိ KNG ကချင်သတင်းဌာန သို့ပြောသည်။

အဆိုပါတိုက်ပွဲတွင် နှစ်ဘက်တပ်မှ သေဆုံးဒဏ်ရာရရှိမှုများရှိသော်လည်း စားရင်းတိကျ အတည်မပြုနိုင်သေး ပေ။

မြန်မာအစိုးရတပ်များသည် ဆက်လက်၍ လိုင်ဇာနှင့် ဒေါ့ဖုန်းယန် (Dawhpumyang) ကြားရှိ ဒုန်ခုန်း (Dung Hkung) ရွာတွင် စစ်အင်အား ၆၀၀ နီးပါးတိုးချထားကြောင်းသိရသည်။

အစိုးရတပ်သည် ယခုချိန် ခရာဘွမ် (Hka Ya Bum) တပ်စခန်းအပြင် ထိုးစစ်ဆင်စခန်းသိမ်းတိုက်ပွဲ များ ပြင်းထန်စွာဆက်လုပ်နေကြောင်း KIO ဒုအထွေထွေအတွင်းရေးမှူး-၂ ဦးလာနန်ပြောသည်။

www.kachinnews.com
www.burmese.kachinnews.com
www.kachin.kachinnews.com



No comments:

Post a Comment

Note: Only a member of this blog may post a comment.