Pages

Top Menu

Thursday, February 14, 2013

မြစ်ကြီးနား ဇီးလွန်ကျောင်း မူလတန်းအဆောင် မီးလောင်ကျွမ်းသွားခြင်းကြောင့် စာသင်ရန် အခက်ခဲဖြစ်နေ



မြစ်ကြီးနားမြို့။
ကချင်ပြည်နယ် မြစ်ကြီးနား မြို့ ဇီးလွန်အထက်တန်းကျောင်းရှိ မူလတန်းအဆောင်ဟောင်းတွင် ယမန်နေ့ ဖေဖ၀ါရီ ၁၃ ရက် နံနက် ၁ နာရီခန့်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ကျောင်းသား ၅၀၀ ကျော် စာသင်ရန်အခက်ခဲရင်ဆိုင်နေရသည်။

 ဖေဖော်ဝါရီလ ၂၁ နေ့မှစပြီး  နှစ်ဆုံး စာမေးပွဲများဖြေဆိုရတော့မည့် ကျောင်းသားများသည် ရုတ်တရက်မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် အခက်ခဲရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ဇီးလွန်ကျောင်းမှ ဆရာမဒေါ်အမာကြည်ပြောသည်။

“တစ်ဆောင်လုံးလောင်သွားတယ်၊ ဝါယားကြိုးဘဲရှော့ဖြစ်တာပဲနေမှာပေါ့နော် မနေ့ည ၂ နာရီကျော်မှ အားလုံးသိကြတာလေ။ ပြီးတော့မီးတွေက တစ်အားကောင်းနေတာ တစ်ခန်းပြီး တစ်ခန်းလောင်တာ မဟုတ်ဘူး။ အပြိုင်လိုက်ကိုလောင်တာ တစ်ဆောင်လုံးကိုအပြိုင်လောင် တာ။ တစ်ခါထဲကို ကုန်သွားတာဘဲ။ ဆွယ်တော်ပင်တွေရှိလို့တခြားကိုမီးမကူးတာ။” ဟု ဆရာမဒေါ် အမာကြည် ကချင်သတင်း ဌာနသို့ပြောသည်။

၎င်းမီးလောင်မှုကို ၀ါယာကြိုးရှော့ဖြစ်၍ လောင်ကျွမ်းခြင်းဟု ခန့်မှန်းထားသော်လည်း အမှန်တကယ်တွင် မူလတန်းကျောင်းတွင် လျှပ်စစ်မီးသွယ်ထားခြင်းမရှိသောကြောင့် သိရသည်။

၎င်းမူလတန်းအဆောင်သည် ဝါးထရံနှင့် သွပ်မိုးထားသော မူလတန်းကျောင်းအဆောင် ဟောင်း ဖြစ်ပြီး ယခုချိန်တွင် မူလတန်းကျောင်းသားများသည် အဆောင်သစ်တွင် ဖျာများခင်းပြီး စာသင်နေရကြောင်း ဆရာမဒေါ်အမာကြည်ဆက်ပြောသည်။
 

“အခက်အခဲတွေက ကျောက်သင်ပုန်းမှအစ အဆင်သင့်မရှိဘူးလေနော်။ အကုန်လိုတာပေါ့ အစစအရာရာ ထိုင်ခုံတွေလဲ အများကြီးပါသွားတယ်လေနော်။ ကလေးတွေ ထိုင်တဲ့ထိုင်ခုံတွေ ပေါ့နော် ပြီးတော့ ၁၀ တန်းတွေလဲ အကြို သက္ကသိုလ်ဝင်တန်းစာမေးပွဲနောက်ဆုံးဖြေနေတော့ ထိုင်ခုံအပိုတွေလည်း အဲဒီဘက်ရွှေ့ထားတာလေ အဲဒါလေးကလေး နည်းနည်းလေဘဲ ပြန်ရလိုက်တယ်။ အဲဒါတောင် အပြင်မှာရောက်နေ လို့ပေါ့နော” ဟုဆက်ဆိုသည်။

မူလတန်းကျောင်းဆောင်နှင့် အထက်တန်းကျောင်းဆောင်သည် ၁၅ ပေခန့်ရှိသော်လည်း အုတ်များဖြင့်ပြုလုပ်ထားခြင်းကြောင့်လောင်ကျွမ်းခြင်းမရှိကြောင်း ပြောသည်။

ဇီးလွန်အထကကျောင်းသည် လာမည့်နှစ်များမှ  အတန်းများကို ၁၁ တန်း ဖွင့်မည်ဖြစ်သောကြောင့် ကျောင်းသားများခြင်းကြောင့် ၎င်းကျောင်းဆောင်သစ်ကို ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားချိန် ၂ နာရီခန့်အကြာ အစိုးရမီးသတ်ကား ၂ စင်း ရောက်ရှိလာသော်လည်း အားလုံးလောင်ကျွမ်းပျက်စီးသွားချိန်ဖြစ်သည်ဟု သိရသည်။

ထိုကျောင်းတွင် အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြားတိုက်ပွဲများဖြစ်ပွားလာပြီးနောက် ခိုလှုံလာသော စစ်ပြေးဒုက္ခသည် ကျောင်းသားများလည်း သင်ကြားနေကြောင်း သိရသည်။

အဆိုပါဇီးလွန်မူလတန်းအတွက် ကျောင်းဆောင်သစ်ကိုဆောက်လုပ်ပြီးသော်လည်း ကျောင်းသားကျောင်းသူများအတွက် စားရေးစာပွဲများ၊ ထိုင်ခုံများ အကူညီလိုအပ်နေကြာင်း သိရသည်။

ကချင်ပြည်နယ်ဖြစ်ကြီးနားမြို့တွင်း မီးလောင်မှုများသည် ဖေဖ၀ါရီလအတွင်း ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ၄င်းမတိုင်မီ ၀ါယာကြိုးရှော့ဖြစ်၍ ဆေးရုံဝင်း ၀န်ထမ်းတန်း မီးလောင်မှုတွင် မိသားစု ၁၁ အိမ် မီးလောင်ကျွမ်းသွားခဲ့ပြီး လူ ၅၀ ခန့်မီးဘေးဒုက္ခရင်ဆိုင်ခဲ့ရသည်။

မီးလောင်မှုအကြောင်းအရာ တိတိကျကျမသိရသော်လည်း ထိုကဲ့သို့ မီးဆက်တိုက်လောင်ကျွမ်းမှုကြောင့် မြစ်ကြီးနားဒေသခံများ စိုးရိမ်ကြောက်လန့်နေကြသည်။


www.kachinnews.com
www.burmese.kachinnews.com
www.kachin.kachinnews.com


No comments:

Post a Comment

Note: Only a member of this blog may post a comment.