Pages

Top Menu

Sunday, March 31, 2013

ရှမ်းပြည်မြောက်ပိုင်း KIA နှင့် အစိုးရ တိုက်ပွဲ ဆက်ဖြစ်


ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ ၄ လက်အောက် တပ်ရင်း ၉ နယ်မြေတွင် ယမန်နေ့ညပိုင်း KIA နှင့် မြန်မာအစိုးရတပ်ဖွဲ့ကြား ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲသည် မတ်လ ၂၉ ရက်နေ့ ညနေပိုင်း ၇ နာရီခွဲမှ ၈ နာရီခွဲထိ မူဆယ်မြို့နယ် နမ်ဂတ် (Nam Gat) ပလောင်ကျေးရွာအနီးတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုသည် နမ်ဂတ်ကျေးရွာအနီး နေရာယူလှုပ်ရှားနေသော KIA တပ်ရင်း ၉ တပ်ဖွဲ့များနှင့် မုန်းယိုး ဘက်မှ ထိုးစစ်ဆင် ၀င်ရောက်လာသော စစ်အင်အား ၆၀ ခန့်ရှိသော အစိုးရတပ်ဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တပ်မဟာ ၄ မှ အမည်မဖော်လိုသူ အထက်ပိုင်း KIA အရာရှိတစ်ဦး ပြောသည်။

“ပလောင်ရွာအနီးမှာဟုတ်တယ်။ ရွာအစွန်းမှာပေါ့။ ကျနော်တို့လည်း အဲဒီမှာ နေရာယူ လှုပ်ရှားနေတာ သူတို့က ၁၀၅ မိုင်ကနေတက်လာတာ အဲဒီမှာ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ကြတာ။ လက်နက်ကြီးတွေတော့မပါဘူး”

အဆိုပါတိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုနှင့်ပတ်သက်၍ မသိရသော်လည်း တိုက်ပွဲများသည် ရှမ်းပြည်မြောက်ပိုင်းဖက်တွင် ဆက်တိုက်ဆိုသလို ဖြစပွားနေကြောင်း တပ်မဟာ (၄)အရာရှိများကပြောသည်။

ယခုချိန် ထိုနယ်မြေတွင် နှစ်ဖက်တပ်ဖွဲ့မှ အသီးသီးတင်းမာနေဆဲဖြစ်ပြီး နေရာယူလျက်ရှိနေကြောင်း  သိရှိရသည်။

www.kachinnews.com
www.burmese.kachinnews.com
www.kahcin.kachinnews.com
www.kachin-news.blogspot.com
http://www.facebook.com/Kachin-News-Group

No comments:

Post a Comment

Note: Only a member of this blog may post a comment.