Pages

Top Menu

Wednesday, April 3, 2013

နိုင်ငံကျော် အဆိုတော်များ ကချင်ဒုက္ခသည်များ ကို ကူညီရန် ရံပုံငွေရှာ အစီစဉ်ကျင်းပမည်

KIO လိုင်ဇာအနီး WOICHYAI ဒုက္ခသည်စခန်း။

မြစ်ကြီးနား၊ ကချင်ပြည်နယ် — ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေရှိ စစ်ရှောင် ဒုက္ခသည်များအား အကူအညီပေးနိုင်ရန် နိုင်ငံကျော်အဆိုတော်များက မြစ်ကြီးနားမြို့ မိုးလုံလေလုံခမ်းမတွင် ဧပြီလ ၅ရက်ည ရန်ပုံငွေရှာ သီချင်းသီဆိုဖျော်ဖြေမှုအစီစဉ် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီမှသိရသည်။

စစ်ရှောင်စခန်းများရှိ ဒုက္ခသည်များနှင့် စစ်ပွဲအတွင်းရှေ့တန်းက ရဲဘော်အချို့ မိုင်း၊ဗုံးနှင့်ကျည်ဆံများထိကာ ခြေလက်များကျိုး၍ နာမကျန်းထိခိုက် ဒဏ်ရာရသွားသောသူများအတွက် ရည်ရွယ်ပြီး ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (မူရင်း) မှ ရံပုံငွေရှာဖျော်ဖြေရေးအစီစဉ်ကို စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရတယ်။

“လုပ်အားပေးကူညီတဲ့အနေနဲ့က အဆိုတော်နောနော်တို့အဖွဲ့ရယ်၊ အဆိုတော်စံပီး၊ အောင်းလာ၊ အဆိုတော် ဘောမ်ဝင်း၊ အဆိုတော် ယွပ်ဆိုင်းအိန်၊ အဆိုတော် ဂလောင်းတိန့်လုတ် တို့ကို အကူအညီ တောင်းထားတယ်။ နောက်ပြီး အဆိုတော် ဖြူဖြူကျော်သိန်းကိုလည်း အကူညီ တောင်းထားသေးတယ်” ဟု လက်မှတ်ရောင်း တာဝန်ခံ ဆရာ အဇော့်ကပြောသည်။

၎င်းကဆက်ပြီး “အစကတော့ရှိုးပွဲကို မနောကွင်း မဂျွယ်ခမ်းမမှာ လုပ်ဖို့စီစဉ်ထားတယ်၊ အဲဒီမှာ အခမ်း မအားဘူးဆိုပြီးပြောလာလို့ မိုးလုံလေလုံခမ်းမ မှာနေရာပြန်ရွှေ့လိုက်ရတယ်” ဟုဆိုသည်။

အဆိုပါ ဖျော်ဖြေမှုအစီစဉ်မှရရှိလာမည့် ရန်ပုံငွေများအားလုံးကို KIO ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ရှောင် စခန်းများရှိရာသို့ ကချင်နှစ်ခြင်းအသင်းတော် (မူရင်း) ကူညီရေးအဖွဲ့ကလှည့်လှည်၍ပေးလှူ သွားမည် ဖြစ်ကြောင်းလည်း သိရတယ်။

ယခုချိန် KIO ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်းများတွင်လည်း အဖွဲ့အစည်းအချို့နှင့် စေတနာရှင်များများက ကူညီပံ့ပိုးပေးနေကြောင်း သိရသည်။


www.kachinnews.com
www.burmese.kachinnews.com
www.kahcin.kachinnews.com
www.kachin-news.blogspot.com
http://www.facebook.com/Kachin-News-Group
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.