Friday, March 8, 2013

ဝိုင်းမော်မြို့နယ် မုန်ဂါဇွပ် ဒုက္ခသည်စခန်းတွင် ရေမလုံလောက်

ကေအိုင်အို မိုင်ဂျာယန် ဒေသရှိ ကချင်စစ်ပြေး ဒုက္ခသည်များ။
ကချင်ပြည်နယ် ဝိုင်းမော်မြို့ တရုတ်နယ်စပ် မုန်ဂါဇွပ် (Mungga Zup) ဒုက္ခသည် စခန်းတွင် ရေလှောင်ကန်နှင့် ရေပိုက်များအခက်ခဲဖြစ်နေသောကြောင့် ရေသုံးစွဲမှု မလုံမလောက်ဖြစ်နေကြောင်း သိရသည်။

၎င်းစခန်းတွင် အိမ်သာရေမှအစ အခက်ခဲရင်ဆိုင်နေရခြင်းကြောင့် ဒုက္ခသည်များ၏ တကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်းများမှ ရောဂါလက္ခာ အမျိုးမျိုးဖြစ်ပွားလာမည်ကို  ကျန်းမာရေး ဌာနမှစိုးရိမ်နေကြောင်း ဒုက္ခသည်ကြည့်ရှုနေသူတစ်ဦးပြောသည်။

“ချောင်းငယ်လေးတွေထဲက ရေနည်းနည်းဘဲရတာကို လူအများကသုံးစွဲနေရတယ် ဆိုတော့ အရမ်းခက်နေကြတာလေ.... ရေကန်ကြီးရှိရင်တော့ အဲဒီမှာရေတွေစုပြီးအားလုံး သုံးစွဲလို့ရတယ်…အခုတော့ ညဘက်မှာရေတွေက အလကားစီးသွားတာ ရေကန်ကြီးမရှိတော့အရမ်းဒုက္ခရောက်တယ်။”

မုန်ဂါဇွပ် (Mungga Zup) ဒုက္ခသည်စခန်းမှ ဒုက္ခသည်များသည် ၂ မိုင်ခန့်ဝေးသည့် ငှာဂယန်ဘွမ် (Nga Gyang Bum) တောင်ခြေဘက်မှ ရေများကိုသွယ်ယူ သုံးစွဲနေခြင်းဖြစ်သောကြောင့် မလောက်မငှဖြစ်နေသည်ဟု သိရသည်။

မိုးတွင်းကာလတွင် သောက်သုံးရေများကို ရေပိုက်များဖြင့် မြစ်ချောင်းများမှ သွယ်ယူ၍ လုံလောက်စွာသုံးစွဲနိုင်သော်လည်း ယခုချိန် နွေရာသီတွင် ရေများခမ်းခြောက်ခြင်းကြောင့် ရေမလုံလောက်မှုခက်ခဲပိုမိုရင်ဆိုင်နေရခြင်းဖြစ်သည်ဟု ဒုက္ခသည်စခန်းမှ ကျန်းမာရေးဆရာ နော်ဆန့် KNG ကချင်သတင်းဌာနသို့ပြောသည်။ 

“မနှစ်တုန်းကတော့ ဒီနှစ်လောက်ထိမခက်ဘူး… ဒီနှစ်ကလူတွေလဲများလာတော သစ်ပင်တွေ ခုတ်လိုက်လို့လားမသိဘူး ရေကပိုခမ်းလာတာတွေ့တယ်။” ဟုပြောသည်။

ယခုချိန် ဒုက္ခသည်များတွင် ဝမ်းပျက်ဝမ်းလျှောသူများ နေ့စဉ် ၃ ယောက်ခန့်ဆေးခန်းသို့ ရောက်လာနေပြီး နှာစေးချောင်းဆိုး၊ အသဲရောင်အသားဝါဖြစ်သူများနှင့် အစာအိမ်ရောဂါ ခံစားသူများလည်း ရှိနေဆဲဖြစ်ကြောင်း  မုန်ဂါဇွပ်ကျန်းမာရေး ဌာနမှပြောသည်။

မုန်ဂါဇွပ်ဒုက္ခသည်စခန်းကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ ထောက်ပံ့ပေးနေခြင်းဖြစ်ပြီး လာမည့် မတ်လထိသာ ဆက်လက်ကူညီနိုင်မည် ဖြစ်သောကြောင့် အခက်ခဲရင်ဆိုင်ရမည်ကို စိုးရိမ်ပူပန်နေရကြောင်း ဒုက္ခသည်စောင့်ကြည့်သူများပြောသည်။

မုန်ဂါဇွပ် (Mungga Zup) ဒုက္ခသည်စခန်းသည်စခန်းတွင် အိမ်ခြေ ၂၀၀ ခန့်ရှိပြီး လူဦးရေ ၅၀၀ ကျော်ရှိကြောင်းသိရသည်။

www.kachinnews.com
www.burmese.kachinnews.com
www.kahcin.kachinnews.com
www.kachin-news.blogspot.com
http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment

Note: Only a member of this blog may post a comment.