Monday, February 4, 2013

ရှမ်းပြည်မြောက်ပိုင်း KIO တပ်များရှိရာနယ်မြေသို့ အစိုးရတပ်များအင်အားတိုးချ


ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွင် မြန်မာအစိုးရတပ်မှ သိမ်းဆီးရရှိတဲ့ လက်နက်များ။

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွပ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ () နယ်မြေတွင် ယခုချိန် ပြင်းထန်စွာပစ်ခတ်တိုက်ခိုက်မှုများ မရှိသေးသော်လည်း အစိုးရစစ်တပ်ဖက်မှ စစ်အင်အားများ တိုးချဲ့နေကြောင်း အရာရှိများပြောသည်။

ယမန်နေ့တွင် အစိုးရ ခြေလျင်တပ် ခရလ (၁၃၆)မှ အင်အား ၁၀၀ ကျော်ဖြင့် မုန်ဂျီ (Mung Ji) ကျေးရွာသို့ ညနေ ၄ နာရီ ချိန်ခန့်တွင် ရောက်ရှိလာခြင်းဖြစ်ကြောင်း တပ်မဟာ() အရာရှိ ကချင်သတင်းဌာန KNG  သို့ပြောသည်။

အင်အားတိုးချဲ့လာသောအစိုးရတပ်သည် လားရှိုးဖက်မှတိုးချဲ့လာခြင်း ဖြစ်ပြီး ယမန်နေ့ ကွတ်ခိုင်မှ တပ်မဟာ() နယ်မြေသို့ ကား ၄ စင်းဖြင့်ရောက်ရှိလာခြင်းဖြစ်သည်။

ယမန်နေ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း () နယ်မြေ မုန်ဂျီ-မုန်းပေါ် (Mung Paw) တွင် KIA လက်အောက် MHH ပြည်သူ့စစ် တပ်ခွဲ (၅)နှင့် အင်အား ၈၀ ခန့်ရှိသော အစိုးရစစ်တပ်ကြား မိနစ်၂၀ ခန့် တိုက်ပွဲဖြစ်ပွားပြီးနောက် အဆိုပါတပ်များထံမံ တိုးချဲ့လာခြင်းဖြစ်ကြောင်း သိရသည်။

တဖက်မှာလည်း ယခုချိန်တွင် အစိုးရနှင့် KIA ကြား တွေ့ဆုံဆွေးနွေးမှုပြုလုပ်နေသည့်အချိန်အတွင်း ပစ်ခတ်တိုက်ခိုက်ခြင်းများမလုပ်ရန် KIA မှ ရှေ့တန်းကို ညွှန်ကြားထားကြောင်းသိရသည်။

အစိုးရတပ်မှ ယနေ့ တိုက်ခိုက်လာခြင်းမရှိသေးသော်လည်း MHH တပ်ခွဲ ()နှင့် အနီးဆုံးနေရာတွင် အင်အား ၂၀၀ ကျော် တိုးချထားသောကြောင့် ဆက်လက်၍ တင်းမာလာနိုင်ကြောင်း KIA အရာရှိပြောသည်။

ပစ်ခတ်မှုကဖြစ်လာ မှာဘဲလေ။ သူတို့ဘက်က မပစ်တော့ဘူးဆိုရင် ဒီလို စစ်အင် အားတွေဖြည့်လာ မှာမဟုတ်ဘူးလေ။ တပ်တွေ အားလုံး ရုပ်သိမ်းသွားမှာလေ အခုက အင်အားက ဖြည့်နေတယ်ဆိုတော့ တိုက်ပွဲတွေဖြစ်လာမှာဘဲလို့ထင်တယ်။ ဟု MHH မှ စစ်ဗိုလ်တစ်ဦး ကချင်သတင်းဌာန KNG သို့ ပြောသည်။

ယခုချိန် ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ () နယ်မြေတွင် အစိုးရတပ်ပေါင်းစုသည် စစ်အင်အား ၁၀၀၀ ကျော် ထိုးစစ်ဆင်ရေး လှုပ်ရှားနေကြောင်း အရာရှိများပြောသည်။

ဗန်းမော်-လွယ်ဂျယ်လမ်းတွင်လည်း အစိုးရတပ်မှ စစ်အင်အား ၁၀၀၀ ကျော်ရှိနေကြောင်း လွယ်ဂျေဒေသခံများပြောသည်။

အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA သည် ခိုင်မာသောစစ်ပြေငြိမ်းရေးကို အလျင်အမြန်ကောင်အထည်ဖော်နိုင်ရန် ပဋိပက္ခဖြစ်ပွားသောနေရာများကို လေ့လာစောင့်ကြည့်စီစစ်ရေး စံနစ်ပေါ်ပေါက်ရန် ဆက်လက်ဆွေးနွေးဆောင်ရွက်ရန် ယနေ့ သဘောတူညီခဲ့ခြင်းဖြစ်သော်လည်း တဖက်တွင် အစိုးရတပ်မှ စစ်အင်အားဆက်လက်တိုးချ၍ စစ်ရေးလုပ်ရှားနေခြင်းဖြစ်ကြောင်းသိရသည်။

www.kachinnews.com
www.burmese.kachinnews.com
www.kachin.kachinnews.com

0 comments:

Post a Comment

Note: Only a member of this blog may post a comment.